အပင်အို၏ရွက်နုသစ်အလွမ်း

အပင်အို၏ရွက်နုသစ်အလွမ်း
အပင်အိုမို့ရွက်နုသစ်မဝေနိုင်တော့ပါ။တခါကဝေခဲ့ဘူးသည့်ရွက်နုသစ်ကလေး
များကိုသာလွမ်းမိပါတော့သည်။အမှန်တကယ်မလွတ်မြောက်သေးခင်တော့ဘဝကိုထုံပျဉ်းပျဉ်းမဖြတ်သန်းလိုပါ။ငံပျပျဘဝ
ဆားပွင့်လေးများကိုလည်းလျက်လိုပါ
သေးသည်။ချိုမြမြဘဝပျားရည်စက်များ
ကိုလည်းလျက်လိုပါသေးသည်။ငံသည်
ချိုသည်ကပဓါနမကျပါ။အရသာစူးရှမှု့ကသာပဓါနကျပါသည်။အပင်အိုမို့ကြုံခဲ့ဘူးသည့်ဘဝဆားပွင့်နှင့်ပျားရည်စက်
ကလေးများကိုသတိရလွမ်းမိပါသည်။
တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်း
လို့ဘဲဆက်၍ခေါ်မည်ခိုင် ဝတ္ထုပထမအ
ကြိမ်ထုတ်ဝေစဉ်စွယ်တော်ရွက်ကလေး
များစာအုပ်ကြားညှပ်၍ဖတ်သည့်ပရိဿတ်ထဲပါခဲ့ဘူးပါသည်။ကိုယ်တိုင်ကဇာတ်
ကေါင် မောင် နှင့် ငြိမ်းမောင်နေရာမဝင်စားမိသော်လည်း
မျက်မှန်ကလေးနှင့်ငေးတေးတေးအမူအရာဖမ်းခါ ခိုင်နေရာဝင်စားသည့်အတန်းဖေါ်လေးကိုတော့သတိရမိပါသည်။
ချိုမြမြလေးပါဘဲ။