ဘာသာရှိနှင့်ဘာသာမဲ့

ဘာသာရှိနှင့်ဘာသာမဲ့

ကိုးကွယ်ရာဘာသာတခုခုရှိသူတွေဟာအမှန်မဟုတ်တောင်အဖြေတခုတော့ရပြီးသူတွေဘဲ။ရတဲ့အဖြေကတပါးသူထုတ်ပေးထားတဲ့အဖြေကိုကိုယ်နှစ်သက်လို့သော်ငုင်း၊မစဉ်းမစားဘဲလက်ခံထားတဲ့အဖြေသော်ငုင်းဖြစ်တတ်ပါတယ်။ဘာသာမဲ့တွေကတော့တပါးသူထုတ်ပေးထားတဲ့အဖြေကိုလက်မခံဘဲကိုယ့်အဖြေကိုယ်ထုတ်ဘို့ကြိုးစားနေသ

တကယ်လက်တွေ့ကျင့်ဘို့လွယ်ပါ့မလား

တကယ်လက်တွေ့ကျင့်ဘို့လွယ်ပါ့မလား

Possess it, don't let it possess you. (Zen)
သုံးရုံသုံး၊မစွဲနဲ့ ( ကျောက်သဘောင်္)

ဤဆိုင်တွင်''မြက်ခင်းသစ်မဂ္ဂဇင်း''မ ရောင်းပါ( ဥတ္တရလွင်ပြင်စာပေ)

ဤဆိုင်တွင်''မြက်ခင်းသစ်မဂ္ဂဇင်း''မ
ရောင်းပါ( ဥတ္တရလွင်ပြင်စာပေ)

မြန်မာနိုင်ငံရေးသမိုင်းတွင်'' ခွေးခေါင်း
ပြောင်းပြန်ကပ်လိုက်သည်''ဆိုသည့်စကါးမှာသမိုင်းဝင်စကါးဖြစ်သည်။ကိုလိုနီခောတ်တွင်သခင်လှမောင်ကသခင်သိန်းမောင်ကြီးညီသခင်ထွန်းရွှေထံစာရေးရာစာအိပ်ပေါ်၌ဂျော့ဘုရင်တံဆိပ်ခေါင်းကိုပြောင်း...
ပြန်ကပ်ပြီးတံဆိပ်ခေါင်းအောက်နားတွင်
ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်ဟုရေးလိုက်ရာအကြည်ညိုပျက်စေမှု့ဖြင့်ထောင်သုံးလကျခဲ့သည်။နိုင်ငံရေးလောကတွင်ခွေးခေါင်းသခင်လှမောင်ဟုအမည်တွင်ခဲ့သည်။မတရားမှု့ဖိနှိပ်မှု့ကိုဖြစ်သည့်နည်းဖြင့်ကြုံသလိုဆန့်ကျင်မှု့ပင်ဖြစ်သည်
ယခုခောတ်တွင်လည်းသခင်လှမောင်ကဲ့သို့ပင်မတရားမှု့ဖိနှိပ်မှု့ကိုကြုံသလိုဖြစ်သည့်နည်းဖြင့်ဆန့်ကျင်ခဲ့သူများရှိခဲ့ပါသည်။
ထိုသူများထဲကတယောက်မှာ......
၁၉၉၀ပါတ်ဝန်းကျင်မြန်မာနိုင်ငံတွင်မြက်ခင်းသစ်အမည်ရှိမဂ္ဂဇင်းတစ်စောင်ထွက်ပေါ်ခဲ့ဘူးသည်။အမေရိကန်အစရှိသည့်အနောက်တိုင်းဒီမိုကရေစီနိုင်ငံများအား
အပုတ်ချသည့်စာ၊မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားသူများအားအပုတ်ချသည့်စာများပါဝင်သည့်အပုတ်မဂ္ဂဇင်းပင်ဖြစ်သည်။စစ်အာဏာရှင်အလိုကျထောက်လှမ်းရေးမှထုတ်ဝေသည်ဟုပြောကြသည်။တပြည်လုံးရှိဋ္ဌာနဆိုင်ရာများအားမဝယ်မနေရစံနစ်ဖြင့်ဖြန့်ချီခဲ့သည်။ပြည်သူအများစုကါးဝယ်ယူရန်ဝေးစွ၊ရွံရှာစိတ်ဖြင့်ကိုင်ပင်
မကြည့်ခဲ့သည့်မဂ္ဂဇင်းဖြစ်သည်။ဤတွင်ရွံရှာစိတ်အားအများသိအောင်ထုတ်ဖေါ်
ခဲ့သူတဦးပေါ်လာသည်။
မန္တလေးမြို့မှဥတ္တရလွင်ပြင်စာပေပင်ဖြစ်သည်။မိမိဆိုင်တွင်မြက်ခင်းသစ်မဂ္ဂဇင်း
မရောင်းရုံမဟုတ်၊လူအများသိအောင်
ဤဆိုင်တွင်မြက်ခင်းသစ်မဂ္ဂဇင်းမရောင်းပါ''ဟုဆိုင်းဘုတ်တင်လိုက်သည်။
အနာပေါ်တုတ်ကျသွားသူတို့ကဥတ္တ
လွင်ပြင်စာပေမှခွေးခေါင်းပြောင်းပြန်ကပ်
လိုက်သူအားခေါ်ယူလက်စင်ပေးကြ
သည်။
မတရားမှု့၊ဖိနှိပ်မှု့အားမခံခြင်စိတ်ယား
ကြိကြိပေါ်လာသူတို့ကါးခေါင်းငုံ့မခံ
တတ်နိုင်သည့်နည်းဖြင့်ဖေါ်ထုတ်ကြပေ
သည်။
Salute to ဥတ္တရလွင်ပြင်စာပေ


အမွှေးနံ့သာနှင့်အမွှေးတိုင်

အမွှေးနံ့သာနှင့်အမွှေးတိုင်

ဘုရားအမှုးပြုသည့်မြင့်မြတ်သောပုဂ္ဂိုလ်
များအားအမွှေးနံ့သာဖြင့်ပူဇော်သည့်ဓ
လေ့ရှေးအစဉ်အဆက်ကပင်ရှိခဲ့ပါသည်။
ယခုခောတ်တွင်လည်းအမွှးတိုင်ထွန်းညှိ
ပူဇော်ဆဲဖြစ်ဖြစ်ပါသည်။တခုရှိသည်မှာအများစုပူဇော်သောအမွှေးတိုင်များ၏
ယနံ့ကိုကိုယ်ကိုတိုင်အနီးကပ်ကြာကြာရှု
ရှိုက်ခံစားဘူးပါသလား။မွှေးကြိုင်သင်းပျံ့
၍စိတ်ကြည်လင်မှု့ခံစားရသည်ဆိုလျှင်
ဘာမှပြောစရာမရှိပါ။ထိုသို့မဟုတ်ဘဲ
ကိုယ်ကိုတိုင်အနံ့မခံနိုင်၍ဝေးရာရှောင်
ရှားရသည်ဆိုလျှင်မူပူဇော်ရာရောက်မ
ရောက်စဉ်းစားဘို့လိုလာပါပြီ
သဘာဝဝန်းကျင်ထိမ်းသိမ်းရေးကိစ္စကို
ပြောနေခြင်းမဟုတ်ပါ။ပူဇော်ရာရောက်မရောက်မျှသာစဉ်းစားဘို့ပြောခြင်းဖြစ်ပါ
သည်။

ရိုးသားကြိုးစားရုံနဲ့မလုံလောက်ဘူး။ပါးနပ်မှု့လည်းရှိဘို့

July Moe
လောကီနယ်မှာနေမယ်ဆိုရင်ရိုးသားကြိုးစားရုံနဲ့မလုံလောက်ဘူး။ပါးနပ်မှု့လည်းရှိဘို့လိုတယ်။ရိုးသားကြိုးစားနေသူတွေပါးနပ်သူရဲ့ကျွန်ဖြစ်နေတာအများကြီး။

Never too late to mend

July Moe
It is saying'' Never too late to mend ''.
It may be better'' Needless to mend''.

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း
ဒီဇင်ဘာ၏အေးမြမြ နှင့်မှိုင်းပျပျရာသီကပင်အလွမ်းဓါတ်ကိုနှိုးဆွတတ်လေသလားမသိ၊ဒီဇင်ဘာရောက်တိုင်းအလွမ်းဓါတ်ခံတို့နိုးကြွလာတတ်သည်။မြန်မာလူမျိုးသက်တမ်း၏သုံးပုံနှစ်
ပုံကျော်နေခဲ့ပြီးသည်မို့လွမ်းရသည့်ဒီဇင်ဘာတွေအရွယ်အလိုက်ရှိခဲ့ပါသည်။၁၉၅၈ပါတ်ဝန်းကျင်ခလေးဘဝဖခင်၊ညီငယ်နှင့်အတူတက္ကသိုလ်ရိပ်သာလမ်းမှဗိုလ်တထောင်ထိမနက်၎နာရီခန့်ကါးနှင့်လူသူကင်းရှင်းသည့်လမ်းတလျောက်လမ်း
လျောက်ခဲ့သည့်ဒီဇင်ဘာရက်တရက်ကို
ယနေ့တိုင်လွမ်းမိပါသေးသည်။ဆန့်ကျင်ဘက်ရွယ်တူများနှင့်မထိခလုပ်ထိခလုပ်
ဖြစ်ခဲ့သည့်ဒီဇင်ဘာလူထုလမ်းလျောက်ပွဲ
များသည်လည်းလွမ်းစရာပင်။
ဝန်ထမ်းဘဝတလတစ်ခေါက်ရောက်ခဲ့
ရသည့်ဝန်းသိုမြို့တွင်အေးမြသည့်မနက်ခင်းကြမ်းနှင့်တပြေးညီဖေါက်ထားသည့်မီးဖိုတွင်မီးလှုံရင်းခေါပုတ်ကင်စားရေနွေးကြမ်းသောက်ရသည်များ၊ညနေဘက်ဒေါင်းမြူးချောင်းတွင်ရေချိုးပြီးချမ်းစိမ့်စိမ့်အရသာကိုဖန်ခွက်ကိုင်ခံစားရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်
ကျိုက်ထီးရိုး၊ကျိုက်ထိုဟော်တယ်ရှေ့
ကေါ်ဖီဆိုင်တွင်မိသားစုနှင့်ကေါ်ဖီသောက်ရင်းတက်သစ်စနေဝန်းကိုကြိုဆိုရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်။
ယခုနှစ်ဒီဇင်ဘာတွင်တော့မကြာသေးမှီ
ကR.A.S.U ကျောင်းဝင်းအတွင်းတွေ့ခဲ့
ရသည့်ခွပ်ဒေါင်အလံနီနီများနှင့်ဆက်စပ်
ပြီးတခုသောဒီဇင်ဘာကိုအထူးပြုလွမ်းမိပါသည်၊ ဦးသန့်ဒီဇင်ဘာရက်များပင်.....
သမိုင်းကြောင်းကိုအားလုံးသိပြီးဖြစ်၍
နှစ်ထပ်မကြော့လိုတော့ပါ။မိမိလွမ်းမိတာ
လေးတွေကိုသာအရသာခံလွမ်းပါတော့
မည်။
ထိုစဉ်ကလိုင်သဘာဝသိပ္ပံတက္ကသိုလ်
တွင်ဘူမိဗေဒနောက်ဆုံးနှစ်တနှစ်တည်းသာမဟာဌာနအသစ်ဖွင့်လှစ်မည်ကိုအ
ကြောင်းပြု၍ပြောင်းရွှေ့သင်ကြားနေပြီး
ကျန်ကျောင်းသားအားလုံးမှာပထမနှစ်
ကျောင်းသားများဖြစ်ကြသည်။
ဒီဇင်ဘာလသမိုင်းဝင်နေ့တွင်ဘူမိဗေဒ
နောက်ဆုံးနှစ်ကျောင်းသားများနှင့်ဘာသာရပ်အားလုံးပထမနှစ်ကျောင်းသားများ
ပူးပေါင်း၍ပြည်လမ်းတလျောက်ချီတက်ခဲ့
ရာတံတားဖြူအင်းယားကန်ဘောင်ပေါ်
ရောက်စဉ်အေးမြသည့်ရာသီကြောင့်ကန်ရေမျက်နှာပြင်ရေငွေ့ပျံနေသည်ကိုတွေ့ရသည်။
Main ထဲရောက်၍နေရချအပြီးကြည့်လိုက်ရာ
တက္ကသိုလ်အလိုက်၊ဘာသာရပ်အလိုက်၊
အုပ်စုလိုက်ဖဲပြားရောင်စုံများရင်ဘတ်တွင်တပ်ဆင်ထားကြသည်။အချိန်ကျသည်
နှင့်စီတန်း၍ကျိုက္ကဆံကွင်းသို့ချီတက်ကြသည်။ယခုပန်းချီမျိုးမြင့်ဖြစ်နေပြီဖြစ်သော
ဘူမိဗေဒကျောင်းသားကိုမျိုးမြင့်ကဦးသန့်
ရုပ်ပုံလက်တန်းဆွဲပြီးကျောင်းသားတန်းနောက်ဆုံးမှရှေ့ဆုံးသို့ရုပ်ပုံကိုကိုင်မြှောက်၍ပြေးသွားသည်။ကျိုက္ကဆံကွင်းအ
တွင်းပင်နီဝတ်ကျောင်းသား(ဆလိုင်း
အောင်ကျော်မိုးဟုပြောကြသည်)နှင့်လမ်းစဉ်လူငယ်ကျောင်းသားတို့စကါးစစ်ထိုးပွဲ
ွဲအပြီးကျောင်းသားထုတညီတညွတ်တည်းဦးသန့်ရုပ်ကလပ်ကိုရာဇူးသို့သယ်ဆောင်ခဲ့သည်။အပြန်ခရီးတွင်ကျောင်းသူ
များအားအလယ်တွင်ထားပြီးကျောင်း
သားများကဘေးမှလက်တွဲဝန်းရံချီတက်ခဲ့ကြသည်။နှစ်မငယ်နှင့်အမများအား
အကိုတွေ၊မောင်တွေကစောင့်ရှောက်သည့်ခံစားမှုများခစားရသည်။
ဦးသန့်ရုပ်ကလပ် ကျောင်းဝင်းတွင်း
ရောက်ရှိပြီးနောက်ပိုင်းတွင်တော့ဦးသန့်
ဒီဇင်ဘာနေ့ရက်များစတင်တော့သည်။
နေ့နေ့ညညကျေင်းဝင်းအတွင်စည်ကါးနေသည်။ကျေင်းသားသက်သက်မဟုတ်တော့ပြည်သူအားလုံးပူးပေါင်းပါဝင်လာသည်။ကျောင်းသားအားလုံးတက်ကြွနေသည်။ပျော်ရွှင်နေသည်။သန်ရာသန်ရာပူးပေါင်းဆောင်ရွက်သည်။ဂူဗိမာန်ဆောက်
ရန်ပုံစံဆွဲသူကဆွဲသည်။ပြည်သူများကလည်းအလှုငွေထည့်ဝင်ကြသည်။အလုပ်သမားများကလည်းအလုပ်ဆင်းချိန်တွင်ရောက်လာကြသည်။တပြည်လုံးပူးပေါင်းဆောင်ရွက်နေကြသလိုပင်။
ဤနေရာတွင်ကျွန်တော်၏နော်ကူးမပါဝင်လာသည်။ကျောင်းဝင်းအတွင်းသူငယ်
ချင်းတစုနေ့နေ့ညညရှိနေကြသည်မို့
အဆက်မပြတ်ကြားနေရသောအသံလေးကိုသတိပြုမိလာသည်။အသံသာသာမို့
ကြားရသူတိုင်းနှစ်ချိုက်သဘောကျသည်
နောက်ဆုံးအားလုံးသဘောတူနံမည်ပေးလိုက်သည်က''နော်ကူးမ''ဟူ၍ပင်။
ပြန်ကြားရေးနှင့်အလှုခံနေရာမှကြေငြာစရာ့်ရှိသည်များကိုကြေငြာရာ၌နောက်ဆုံးစကါးလုံးကို'''နော်'''ဖြင့်အဆုံးသတ်တတ်
သဖြင့်ထိုခောတ်ကနံမည်ကြီးရုပ်ရှင်နှင့်ဇာတ်ကေါင်''နော်ကူးမ'''အမည်ဖြင့်ချစ်စ
နိုးခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အေးမြသည့်ဒီဇင်ဘာနေ့ညများနှင့်
နော်ကူးမကိုလွမ်းမိပါသည်။
သမိုင်းမှတ်တမ်းရေးခြင်းမဟုတ်ဘဲ
အလွမ်းမှတ်တမ်းရေးခြင်းမျှသာဖြစ်၍
အပြည့်အစုံဖြစ်မည်မဟုတ်ပါ။
နော်ကူးမနှင့်အတူသတိရသူများကတော့
သဘာဝသိပ္ပံမှမိန်းသို့အတူလာခဲ့သည့်
ကိုစံထွန်းနိုင်(ရခိုင်အမျိုးသား)၊ဆလိုင်းသန်းထွန်း(ချင်းအမျိုးသား)၊
အရှေ့မြောက်နယ်မြေသို့ရောက်ရှိသွားသောဒဿနိကနည်းပြဒေါ်မြမြစိုး၊ဒေါ်မြမြစိုးအားအရှေ့မြောက်ဒေသသို့ပို့ဆောင်ပေးခဲ့သည့်ကိုအောင်မျိုး(ကိုချစ်ဝင်း)
အားလုံးပြန်မဆုံကြတော့
်Photo Credit- Thant Myint-U

ကိုးကွယ်ရာဘာသာတရားအားလုံးရဲ့ ဘုံတူညီချက်တစ်ခု

ကိုးကွယ်ရာဘာသာတရားအားလုံးရဲ့
ဘုံတူညီချက်တစ်ခု

ကိုးကွယ်ရာဘာသာတရားအားလုံးတွင်တခုနှင့်တခု၊ပန်းတိုင်၊ကျင့်စဉ်၊သဘောတရားများကွဲလွဲကေါင်းကွဲလွဲကြမည်ဖြစ်
သော်လည်းဘုံတူညီချက်တခုတွင်ကါး
အားလုံးတပြေးညီတူညီကြသည်။
ငုင်းဘုံတူညီချက်ကါး......
#င#ငါဘဲမှန်တယ်။
ငါဘဲမှန်တယ်။

စုဆောင်းထိမ်းသိမ်းထားသင့်ပြီဖြစ်သောဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်လက်ရေးစာများ

စုဆောင်းထိမ်းသိမ်းထားသင့်ပြီဖြစ်သောဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်လက်ရေးစာများ

ကျွန်တော်၁၉၉၁ခုနှစ်လောက်ကမွန်ပြည်နယ်သို့ရောက်ရှိစဉ်ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးစာတစောင်မော်လမြိုင်မြို့
မွန်ယဉ်ကျေးမှု့ပြတိုက်တွင်ပြသထားသည်ကိုတွေ့ရှိဘူးပါသည်။မွန်ခေါင်းဆောင်များသို့နိုင်ငံရေး၊တိုင်းရေးပြည်ရေးအကြောင်းရေးထားသည့်စာဖြစ်ပြီးမှင်ရောင်အ
တော်လွင့်နေပြီဖြစ်သည်။နောက်၃နှစ်ခန့်
တွင်ပြတိုက်သို့တခေါက်ထပ်ရောက်ရာ
ငုင်းစာကိုပြသထားခြင်းမတွေ့တော့ပါ။
ပြန်လည်သိမ်းဆည်းထားခြင်းလား၊ပျောက်ပျက်သွားခြင်းလားမသိနိုင်။အလားတူဗိုလ်ချုပ်၏လက်ရေးစာများမြန်မာပြည်အနှံ့တွင်ရှိနိုင်ပါသည်။ဆရာဒဂုန်တာရာ၏ဆောင်းပါးတစောင်တွင်သံအမတ်ကြီးဟောင်းဦးအုန်းထံ၌ဗိုလ်ချုပ်အောင်ဆန်းနှင့်
သခင်သန်းထွန်းတို့၏လက်ရေးစာများရှိ
ကြောင်းဖတ်ရဘူးပါသည်။ဦးသိန်းဖေမြင့်၏စာတပုဒ်တွင်လည်းမြန်မာ့အလင်းဦးတင်ထံ၌ဗိုလ်ချုပ်၏လက်ရေးစာများရှိ
ကြောင်းဖတ်ရဘူးပါသည်။ယခုငုင်းစာများ၏အခြေအနေကိုမသိနိုင်တော့ပါ။ထိုကဲ့သို့ဗိုလ်ချုပ်၏လက်ရေးစာများကို
ဝယ်ယူခြင်း၊အလှုခံခြင်းတို့ဖြင့်စုဆောင်းသိမ်းဆည်းပြီးအရှည်တည်တန့်အောင်
ထိမ်းသိမ်းထားသင့်ပါသည်။သို့မဟုတ်
ပါကတစတစပျောက်ပျက်သွားမည်ဖြစ်သည်။်

အရှုံးပေးလူငယ်များသို့

အရှုံးပေးလူငယ်များသို့
ယခုတလောဂျာနယ်များတွင်စာမေးပွဲကျ၍သတ်သေသည့်ကျောင်းသားအပါအဝင်အရွယ်ကေါင်းကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်သတင်းများဖတ်ရသဖြင့်လူငယ်များသို့စကါးအနည်းငယ်ပြောလိုသည်။ဘဝတွင်အလှည့်အပြောင်းနှင့်မျှော်လင့်ချက်
အမြဲရှိသဖြင့်ယခုတဒင်္ဂစိတ်ဓါတ်ကျအဆင်မပြေမှု့ကိုဤနည်းဖြင့်ထွက်ပေါက်မရှာသင့်ပါ။မနက်ဖြန်ဘာဖြစ်မည်၊နောက်တနှစ်ဘာဖြစ်မည်မသိနိုင်ပါ။ကိုယ့်အတွက်အကေါင်းများစွာဖြစ်လာနိုင်ပါသည်။
ပုံပါကမ္ဘ္ဘာကျော်ရာဇဝတ်အကျဉ်းသားပင်
ဘဝမျှော်လင့်ချက်မလျှော့သေး၊လွတ်ငြိမ်းချမ်းသာခွင့်လျှောက်တုန်းဖြစ်သည်။
မြန်မာပြည်တွင်လည်းနှစ်မအရင်းနှင့်မှောက်မှား၊အမေနှင့်ညီကိုသတ်ခဲ့သည့်နိုင်ငံ
ကျော်ရာဇဝတ်သားထွန်းမြင့်ကြူပင်ဘဝကိုအရှုံးမပေး၊ကိုယ့်ကိုယ်ကိုသတ်သေမသွားပါ။ထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပြီး၁၉၉၀ရွေးကေါက်ပွဲတွင်ဝင်ရောက်အရွေးခံခဲ့ပါသေးသည်။
လူငယ်များသို့Admen Burk၏စကါးလေးလက်ဆောင်ပါးလိုပါသည်။
Never despair. But if you do,
work on in despair.

ဗမာပြည်ကတန်ခိုးကြီးဘုရားများ

ဗမာပြည်ကတန်ခိုးကြီးဘုရားများ
'''''''' ''''''' ''''''' ''''''' '''''' '''''''
Tea Time Thought@Talk
ဗမာပြည်ကစေတီ၊ပုထိုး၊ဆင်းတုတော်အ
ချို့ကိုသတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း၊ခရီး
သွားကြော်ညာနဲ့တီဗွီမှာတန်ခိုးကြီးဘုရား၊တန်ခိုးကြီးဘုရားလို့ကြော်ညာ၊ရေးသား၊
ပြောဆိုနေတာကိုမြင်ရကြားရတဲ့အခါဗ
မာပြည်တဝှန်းကကျန်စေတီ၊ပုထိုး၊ဆင်းတုတော်များအတွက်အတွေးတစ်ခုဝင်
လာပါတယ်။
မျက်မှန်နက်တပ် ပြီးမြင်တဲ့အတွေး
အမြင်ဖြစ်ကေါင်းဖြစ်ပါလိမ့်မယ်။ွ

ကေါင်းမှု့ဟူသည်.

ကေါင်းမှု့ဟူသည်...,.
လဲသူကိုထူ
လိုသူကိုပေး
ဆာသူကိုကျွေး

ကျွန်တော်'ဟောတရား'တွေနာလို့မရဘူး

ကျွန်တော်'ဟောတရား'တွေနာလို့မရဘူး
'' '' '' '' '' ''
Tea Time Thought@Talk
'''''''' '' ' '' ''
ကျွန်တော်တရားပွဲတွေTVကလွှင့်တဲ့
ဟောတရားတွေကိုနာလို့မရတဲ့အကြောင်းကတရားထဲကသဘောတရားတခုကို
နားလည်အောင်စဉ်းစားနေတုန်းတရားက
ဆက်ဟောသွားတော့အဆက်ပြတ်ပြီး
ကျွန်တော်လိုက်မမှီတော့လို့ပါ။ကျွန်
တော့အတွက်တော့တရားစာအုပ်ဖတ်ရ
တာအဆင်ပြေပါတယ်။တရားစာအုပ်
ဖတ်ရင်နားမလည်သေးတဲ့အချက်ကိုစဉ်း
စားပြီးမှစာအုပ်ကိုဆက်ဖတ်နိုင်လို့ပါ။
တခြားဟောတရားနာသူတွေတော့ဘယ်
လိုတရားနာကြတယ်မသိဘူး။ဟောသမျှ
ကိုစဉ်းစားချိန်မယူဘဲချက်ခြင်းနားလည်
သဘောပေါက်နိုင်လောက်အောင်ဥာဏ်ပြေးကြလို့ထင်ပါတယ်။ကျွန်တော့မှာအဲ
ဒီလိုဥာဏ်မျိုးမရှိတာဝန်ခံပါတယ်။

ဘာသာတရားတွေရဲ့ညှို့ချက်

ဘာသာတရားတွေရဲ့ညှို့ချက်
'''''''' '''''''
Tea Time Thought@Talk
''''''''''''''''''''''''''''''''''''''''''''''' ''
ခလေးတယောက်ကိုသူ့ကိုယ်ပိုင်အသိ
ဥာဏ်မရင့်ကျက်ခင်ဘာသာတရားတမျိုးမျိုးနဲ့ထိတွေ့ပေးပြီးယုံကြည်အောင်လုပ်
ပေးလိုက်ပါ။အဲဒီခလေးဘယ်အရွယ
ရောက်ရောက်၊ဘယ်လောက်အသိဥာဏ်
ရင့်ကျက်ရင့်ကျက်အဲဒီဘာသာတရားရဲ့
ညှို့ချက်ကခွာမထွက်နိုင်တော့ဘူး။အ
ရေးကြီးတာကအရွယ်မရောက်ခင်၊အသိဥာဏ်မရင့်ကျက်ခင်ညှို့ချက်မိဘို့ဘဲ။ဒါ
ကြောင့်လည်းဘာသာတရားတိုင်းက
လေးတွေကိုပစ်မှတ်ထားတာဘဲ။်

အိုဘားမား၊ဦးသိန်းစိန်နှင့်Geology ကျောင်းသားကိုစန်းမြင့်

အိုဘားမား၊ဦးသိန်းစိန်နှင့်Geology
ကျောင်းသားကိုစန်းမြင့်
,.... .,...
Tea Time Thought@Talk
'' '''''''' '''''
ယခုတလောအိုဘားမားနှင့်ဦးသိန်းစိန်
ကိုအင်တာနက်၊TVနှင့်ဂျာနယ်များတွင်
ယှဉ်တွဲတွေ့ရှိရာမှလွန်ခဲ့သည့်အနှစ်၃၀ခန့်ကဖတ်ခဲ့ဘူးသည့်သတင်းတပုဒ်အတွေးထဲဝင်လာသည်။ငုင်းသတင်းမှာဒုတိယကမ္ဘ္ဘ္ဘာစစ်အတွင်းအမေရိကန်ရှိဂျပန်လူမျိုး
များကိုအကျယ်ချုပ်သဘောမျိုးထားရှိခဲ့
ခြင်းအတွက်စစ်ကြီးအပြီးနှစ်၂၀လောက်ရှိမှကါယကံရှင်များကတောင်းဆိုခြင်းမရှိဘဲအမေရိကန်အစိုးရကနစ်နာကြေးပေးသည့်သတင်းပင်ဖြစ်သည်။အမေရိကန်
နှင့်မြန်မာနိုင်ငံသည်သမတအထူးပြီုဒီမိုကရေစီနိုင်ငံခြင်းအတူတူဖြစ်သဖြင့်ဦးသိန်းစိန်သည်လည်းအမေရိကန်နိုင်ငံသမတနည်းတူခောတ်အဆက်ဆက်အပြစ်မဲ့နစ်နာခဲ့သူများကိုနစ်နာကြေးပေးမည်လားဟုမျှော်လင့်မိသည်။နစ်နာကြေးပေး
မည့်အစီအစဉ်ရှိလျှင်မြောင်းမြမြို့မှဘူမိ
ဗေဒကျောင်းသားကိုစန်းမြင့်အတွက်
လည်းထည့်သွင်းစဉ်းစားပေးစေလိုသည်။
ကိုစန်းမြင့်အပြစ်မဲ့နစ်နာခဲ့ရသည့်သမိုင်း
ကြောင်းလှန်ရသော်...,
၁၉၆၈ခုနှစ်မှ၁၉၇၆ခုနှစ်အတောအတွင်း
နေဝင်းအစိုးရအားကျောင်းသားတို့အား
စမ်းသည့်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးခဲ့ပါသည်။ကျွန်းဆွယ်၊ရွှေရတု၊ဦးသန့်အရေးတော်ပုံကဲ့သို့တပြည်လုံးရိုက်ခပ်သွားသည့်အားစမ်းပွဲများရှိသလိုကျောင်းမပိတ်ဘဲသတင်းစာတွင်ပါရုံအားစမ်းပွဲများလည်းရှိပါသည်
ထိုကဲ့သို့သောတခုသောအားစမ်းပွဲသည်ကါးကမာရွတ်ဂါတ်တဲအားလူစုလူဝေးဖြင့်
မီးတင်ရှို့ခြင်းဖြစ်သည်။ခရီးသည်တင်
ဘတ်စ်ကါးတစ်စီးမှစတင်လိုက်သော
ပြဿနာသည်လူစုလူဝေးဖြင့်ကမာရွတ်
ဂါတ်တဲအားမီးတင်ရှို့သည့်အခြေအနေ
သို့ဆိုက်ရောက်ခဲ့သည်။ငုင်းပြဿနာ
သည်ရှမ်းပြည်တွင်ကွင်းဆင်းပြီး
ကျောင်းသို့ပြန်ရောက်လာသော
မြောင်းမြမြို့သားဘူမိဗေဒကျောင်းသား
ကိုစန်းမြင့်အားအဖျားခတ်တော့သည်။
အရေးအခင်းတွင်ပါဝင်သည်ဟုဖမ်းဆီးသည်။တက္ကသိုလ်မှတာဝန်ရှိသူများက
ငုင်းကျောင်းသားသည်ပြဿနာဖြစ်ချိန်
တွင်ရှမ်းပြည်၌ကွင်းဆင်းလျှက်ရှိကြောင်းဖြေရှင်းသော်လည်းမရ။ကျားကျားမီးယပ်ဟူသောဖက်စစ်မူအရလွှတ်မပေးခဲ့။
၆လလောက်ကြာမှတရားရုံးမတင်ဘဲ
လွှတ်ပေးခဲ့သည်။အကျိုးဆက်ကါးကိုစန်းမြင့်တယောက်စာမေးပွဲအောင်သော်လည်းကျောင်းဖွင့်ချိန်၆လကျော်သွားပြီဖြစ်၍ကျေင်းတက်မရတော့ဘဲစာသင်နှစ်တနှစ်အောက်ခဲ့သည်။ကိုစန်းမြင့်တယောက်အပြစ်မရှိဘဲနစ်နာခဲ့ရသည်။ထိုခောတ်က
တပြည်လုံးတွင်ကိုစန်းမြင့်များစွာရှိခဲ့ပါသည်။ယခုခောတ်တွင်လည်းကိုပါကြီး
များစွာရှိမည်ထင်သည်။
မတရားအပြစ်မဲ့နစ်နာသူများကင်း
ပျောက်ပါစေ။
ကိုစန်းမြင့်( ဗိုလ်ပုချို )နှင့်မတွေ့သည်မှာ
နှစ် ၄၀ ကျော်ပြီ...,ဲ

အခုခောတ်နှင့်အရင်တုန်းကစကါးတွေ...

အခုခောတ်နှင့်အရင်တုန်းကစကါးတွေ...

Tea Time Thought@Talk.,,
အရင်တုန်ကစကါးတွေကတော့...
၁၊ ရေရှည်စစ်မှာရေစုံမမျောစေနဲ့တဲ့
၂၊အဆံမပါတဲ့သင်္ကြံန်အမြှောက်တော်
လှန်ရေးမီးရှူးမီပန်းလည်းမဖောက်နဲ့တဲ့
ကဲ...ဒါဖြင့်ဘာလုပ်ြကမလဲရဲဘော်တို့
ရေ ....
လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ဖီလော်
နဲ့ဗျူဟာကိုစွဲကိုင်ပြီးဆက်ကယ်ရီအွန်
တာကလွဲလို့ဘာများတခြားတတ်နိုင်
ဦးမှာလဲ။၊။။်


ပညာတတ်တေ၊ွတွေဝေတယ်။

ပညာတတ်တေ၊ွတွေဝေတယ်။
Tea Time Thought©Talk
ကွန်မြူနစ်တွေပြောလေ့ရှိတဲ့ပညာတတ်တွေတွေဝေတယ်ဆိုတဲ့စကါးဟာအလုပ်မဖြစ်လောက်အောင်ဆွဲဆန့်တွေဝေနေသူသက်သက်တွေကိုရည်ညွှန်းပြောဆိုတာပါ။ပညာတတ်တွေကချိန်ထိုးစဉ်းစားစရာတွေများတာကြောင့်ချက်ခြင်းအဖြေမထုပ်ကြဘူး။ဒါပေမဲ့အချိန်ကျလို့အဖြေ
ထုပ်ရင်တော့အမှန်တွေဘဲဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတချို့အရေးအခင်းကိစ္စတွေမှာလူပြိန်းကြိုက်စကါး
တွေမပြောတာကြောင့်တချို့ကအားမလိုအားမရဖြစ်ကြတယ်။တချို့ကရှုံ့ချကြတယ်။တချို့ကစွပ်စွဲကြတယ်။ဒေါ်အောင်
ဆန်းစုကြည်မှန်တယ်မှားတယ်ဆိုတာတချိန်မှာအများသိနိုင်မှာပါ။ကိုယ်ရမဲ့
ထောက်ခံမဲကိုမငဲ့ကွက်ဘဲတိုင်းပြည်နဲ့
လူမျိုးအကျိုးအတွက်ဘဲဆောင်ရွက်
တတ်တဲ့လူထုခေါင်းဆောင်တွေတိုင်း
ပြည်အတွက်လိုအပ်ပါတယ်။်

ဘန်ကီမွန်း၊ရိုဟင်ဂျာ၊ကြာကြာနှင့်ကျယ်ကျယ်ပြောသောစကါးသံ

ဘန်ကီမွန်း၊ရိုဟင်ဂျာ၊ကြာကြာနှင့်ကျယ်ကျယ်ပြောသောစကါးသံ
Tea Time Thought@Talk..,
ယခုလောလောဆယ်ဘန်ကီမွန်း၏ရိုဟင်ဂျာအသုံးအနှုံးကိုကန့်ကွက်သည့်သ
တင်းများအင်တာနက်နှင့်ဂျာနယ်များတွင်ဖတ်ရှု့ရသည့်အခါလ္ဘက်ရည်မိတ်ဆွေတဦးပြောခဲ့သည့်'''အချိန်ကြာကြာနဲ့ကျယ်
ကျယ်လောင်လောင်ပြောတဲ့စကါးသံ
ကိုလူအများသတိထားမိမှာဘဲဗျ'''စကါးကိုအမှတ်ရမိသည်။
မြန်မာပြည်ရခိုင်အရေးအခင်းမဖြစ်
ခင်ရှေးပဝေသဏီကပင်ပြည်ပရှိတဖက်အင်အားစုများကရိုဟင်ဂျာဟူသောစကါးလုံးကမ်ဘာ့စင်မြင့်တွင်အသားကျအောင်တည်ဆောက်နေခဲ့ပြီဖြစ်သည်။ဥပမာ
ရိုဟင်ဂျာခလေးငယ်များ၏ပန်းချီပြပွဲအမည်ဖြင့်ဥရောပမြို့ကြီးများတွင်ပြသခဲ့
ပြီးရိုဟင်ဂျာအမည်ကိုအောက်ခြေမှစတင်တည်ဆောက်နေပြီဖြစ်သည်။ထိုစဉ်က
မြန်မာအစိုးရနှင့်လူထုအိပ်မောကျနေပြီး
ယခုဘန်ကီမွန်နှုတ်မှရိုဟင်ဂျာစကါးလုံးဖြင့်ပစ်ပေါက်မှနိုးလာကြသည်။
ရခိုင်အရေးအခင်းဖြစ်စဉ်က ကေါက်
ရိုးမီး၊ဖွဲမီး၊ဘင်ဂလီမီး ဆောင်းပါးတွင်
အရေးအခင်းစတင်စဉ်twitterတွင်ရေးသားသူမြန်မာ၅ဦးခန့်၊ဘင်ဂလီ၁၅ဦးခန့်ရှိရာမှအရေးအခင်းအရှိန်ြမင့်တက်လာသောအခါမြန်မာ၅ဦးထက်တိုးမလာသော်လည်းရေးသားသူဘင်ဂလီအယောက်၂၀၀ ခန့်
ရှိလာသည်ဟုဖတ်ခဲ့ဘူးပါသည်။
အမှန်တရားဆိုတာကိုနားထောင်သူနား
လည်သည့်ဘာသာစကါးဖြင့်ပြောဘို့
လည်းလိုပါသည်။နားထောင်သူကြား
အောင်နားစွဲအောင်ကျယ်ကျယ်လောင်
လောင်နှင့်ကြာကြာစွဲစွဲမြဲမြဲပြောဘို့
လည်းလိုပါလိမ့်မည်။်

တရားမျှတမှု့ကိုလိုလားသည်ဆိုရာဝယ်...

တရားမျှတမှု့ကိုလိုလားသည်ဆိုရာဝယ်...

လူတွေတရားမျှတမှု့ကိုလိုလားတယ်ဆိုတာ.....
တခြားသူတွေကကိုယ့်အပေါ်တရားမျှတ
ဘို့လိုလားတာလား?
ကိုယ်ကတခြားသူတွေအပေါ်တရားမျှတ
ဘို့လိုလားတာလား?
တခါတခါအပြန်အလှန်မဟုတ်တဲ့တလမ်း
သွားတရားမျှတမှု့လိုလားသူတွေကိုကြုံ
ဘူးလို့ပါ။

တပါးသူအကူအညီတောင်းသံကိုမကြားနိုင်တဲ့အရပ်မှာနေသူတွေ

တွေးမိတွေးရာ..,,....
တပါးသူအကူအညီတောင်းသံကိုမကြားနိုင်တဲ့အရပ်မှာနေသူတွေကိုယ့်အကူအညီတောင်းသံကိုလည်းတပါးသူတွေကြား
ကြမှာမဟုတ်ဘူးဆိုတာသတိပြုသင့်
တယ်။

ဘာဘဲဖြစ်ဖြစ်ချက်ခြင်းဘုရားမတပါနှင့်၊ကိုယ့်ကိုယ်ကိုဘဲတလိုက်ပါ

တွေးမိတွေးရာ..Tea Time Thoughts

ဘာဘဲဖြစ်ဖြစ်ချက်ခြင်းဘုရားမတပါနှင့်၊ကိုယ့်ကိုယ်ကိုဘဲတလိုက်ပါ။ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်အားထုပ်ပြီးမှဘုရားတ
ပါ။အဆင်ပြေနေစဉ်အမိ၊အဖ၊ဘုရားသတိမရဘဲ၊ခလုပ်ထိမှအမိ၊အဖ၊ဘုရားတတာအားနာဘို့ကေါင်းပါသည်၊။။ဲ

Money

Tea time thought@talk.
Money may not be Second god.
It must be First god.
တကယ်တော့ ငွေ ရှိဘို့အရေးကြီးတယ်။
တခြားဟာတွေအသာထားဦး။ငွေမရှိရင်လမ်းဘေးကငတ်နေတဲ့ခွေးအစာကျွှေး
ခြင်တာတောင်မကျွှေးနိုင်ဘူး။

ဗုဒ္ဓသာသနာ၊ကွန်ြမူနစ်ဝါဒနှင့်ကမ္ဘာဆုံးတိုင်.....

တွေးမိတွေးရာ
ဗုဒ္ဓသာသနာ၊ကွန်ြမူနစ်ဝါဒနှင့်ကမ္ဘာဆုံးတိုင်.....
ဗုဒ္ဓတရားအားလုံးကိုဥာဏ်မမှီသည့်တိုင်
ရိပ်စားမိသလောက်...ဗုဒ္ဓတရား၏အခြေ
ခံသဘောတရားဖြစ်သည့်သက်ဆိုင်ရာ
အကြောင်းတရားကြောင့်သက်ဆိုင်ရာ
အကျိုးတရားဖြစ်သည်ဟူသည့်တရား၊လူမှု့ဝန်းကျင်ကိုစောင့်ထိန်းပေးသည့်ငါး
ပါးသီလကျင့်ဝတ်..,တို့ကိုကျွန်တော်နားလည်ကြည်ညိုပါသည်။ကျွန်တော်ကြည်ညိုသည့်ဗုဒ္ဓသာသနာကိုကမ္ဘာဆုံးတိုင်
တည်တန့်စေလိုပါသည်။သို့သော်ဗုဒ္ဓသာသနာနှစ်၅၀၀၀သာတည်မည်ဟုဟော
ပြောကြပါသည်။
ကွန်မြူနစ်ဝါဒကိုလည်း၊ကိုယ်ကါယဥာ
ဏလုပ်အားစိုက်ထုတ်သလောက်ပြန်
လည်အကျိုးခံစားခွင့်ရရှိမည်၊ကွန်မြူနစ်
ဝါဒ၏နောက်ဆုံးအဆင့်တွင်ကိုယ့်ကိုယ်ကိုဝေဖန်ရေး၊အခြင်းခြင်းဝေဖန်ရေးတို့
ဖြင့်သန့်စင်ပြီးအုပ်ချုပ်သူလူတန်းစား
မရှိတော့မည်ဖြစ်ကြောင်းအာမခံချက်
ကြောင့်ကျွန်တော်နှစ်သက်အားပေးလိုပါသည်။ကွန်မြူနစ်ဝါဒကိုလည်းကမ္ဘာဆုံးတိုင်တည်တန့်စေလိုပါသည်။သို့သော်
မျက်မှောက်ကါလတွင်ပင်ကွန်မြူနစ်ဝါဒ
ပြိုကွဲနေသည်ကိုတွေ့ရှိရသည်။
ကျွန်တော်ကမ္ဘာဆုံးတိုင်တည်တန့်စေလိုသည်များကမ္ဘာဆုံးတိုင်မတည်တန့်ခြင်း
နှင့်ပါတ်သက်၍မိတ်ဆွေတစ်ဦးတွေး
တွေးဆဆမှတ်ချက်ချသည်မှာ.....
လူသားရဲ့ကိုယ်ကျိုးအခြေပြုအတ္တ၊ဲ့လောဘ၊ဒေါသ၊မောဟထူပြောတဲ့သဘာဝတရားနဲ့လောဘ၊
ဒေါသ၊မောဟတွေကိုကင်းပျောက်စေလို
ိုတဲ့သဘာဝလွန်သဘောတရားတွေရဲ့
အားပြိုင်မှု့ရလာဒ်ပေါ့ဗျာ,....တဲ့်

ကိုးကွယ်ရာဘာသာတရားများ

ကိုးကွယ်ရာဘာသာတရားများ

ယုံကြည်ကိုးကွယ်သူများသလောက်မူလဆိုလိုရင်းကိုတကယ်နားလည်သဘော
ပေါက်သူနည်းပါးတယ်။နားလည်သ
ဘောပေါက်သလောက်လေးကိုဘဲလက်တွေ့ကါယကံမြောက်ကျင့်ကြံနေထိုင်သူရှားပါးတယ်။

တချို့လူတွေဘာသာမဲ့ဖြစ်သွားရတဲ့အ ကြောင်း

တချို့လူတွေဘာသာမဲ့ဖြစ်သွားရတဲ့အ
ကြောင်း
ဘုရားမဟောခဲ့တဲ့တရားတွေကိုဘုရား
ဟောတရားအဖြစ်ပြောဟောတာတွေကိ
ကြားရဖန်များပြီး၂၁ရာစုအသိနဲ့ကိုယ်ပိုင်
စဉ်းစားဥာဏ်ကလက်မခံနိုင်ရာကအစဘုရားနဲ့ဝေးသွားကြရတာပါ။

Lady Bug Note Generators

အပင်အို၏ရွက်နုသစ်အလွမ်း

အပင်အို၏ရွက်နုသစ်အလွမ်း
အပင်အိုမို့ရွက်နုသစ်မဝေနိုင်တော့ပါ။တခါကဝေခဲ့ဘူးသည့်ရွက်နုသစ်ကလေး
များကိုသာလွမ်းမိပါတော့သည်။အမှန်တကယ်မလွတ်မြောက်သေးခင်တော့ဘဝကိုထုံပျဉ်းပျဉ်းမဖြတ်သန်းလိုပါ။ငံပျပျဘဝ
ဆားပွင့်လေးများကိုလည်းလျက်လိုပါ
သေးသည်။ချိုမြမြဘဝပျားရည်စက်များ
ကိုလည်းလျက်လိုပါသေးသည်။ငံသည်
ချိုသည်ကပဓါနမကျပါ။အရသာစူးရှမှု့ကသာပဓါနကျပါသည်။အပင်အိုမို့ကြုံခဲ့ဘူးသည့်ဘဝဆားပွင့်နှင့်ပျားရည်စက်
ကလေးများကိုသတိရလွမ်းမိပါသည်။
တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်း
လို့ဘဲဆက်၍ခေါ်မည်ခိုင် ဝတ္ထုပထမအ
ကြိမ်ထုတ်ဝေစဉ်စွယ်တော်ရွက်ကလေး
များစာအုပ်ကြားညှပ်၍ဖတ်သည့်ပရိဿတ်ထဲပါခဲ့ဘူးပါသည်။ကိုယ်တိုင်ကဇာတ်
ကေါင် မောင် နှင့် ငြိမ်းမောင်နေရာမဝင်စားမိသော်လည်း
မျက်မှန်ကလေးနှင့်ငေးတေးတေးအမူအရာဖမ်းခါ ခိုင်နေရာဝင်စားသည့်အတန်းဖေါ်လေးကိုတော့သတိရမိပါသည်။
ချိုမြမြလေးပါဘဲ။

စိတ်ပါလက်ပါ၊ စိတ်မပါလက်ပါ၊စိတ်ပါလက်မပါ၊

စိတ်ပါလက်ပါ၊ စိတ်မပါလက်ပါ၊စိတ်ပါလက်မပါ၊

ကေါင်းမှု့ပြုရာတွင်စိတ်ပါလက်ပါပြုလုပ်ပါကအကျိုးများမည်ထင်ပါသည်။စိတ်မပါတောင်လက်ပါကအကျိုးရှိပါသေးသည်။
လက်မပါဘဲစိတ်ပါရုံသက်သက်ကတော့
အကျိုးရှိလှမည်မထင်ပါ။
Smallest good deed is better than the grandest good intention.