ဘာသာရှိနှင့်ဘာသာမဲ့

ဘာသာရှိနှင့်ဘာသာမဲ့

ကိုးကွယ်ရာဘာသာတခုခုရှိသူတွေဟာအမှန်မဟုတ်တောင်အဖြေတခုတော့ရပြီးသူတွေဘဲ။ရတဲ့အဖြေကတပါးသူထုတ်ပေးထားတဲ့အဖြေကိုကိုယ်နှစ်သက်လို့သော်ငုင်း၊မစဉ်းမစားဘဲလက်ခံထားတဲ့အဖြေသော်ငုင်းဖြစ်တတ်ပါတယ်။ဘာသာမဲ့တွေကတော့တပါးသူထုတ်ပေးထားတဲ့အဖြေကိုလက်မခံဘဲကိုယ့်အဖြေကိုယ်ထုတ်ဘို့ကြိုးစားနေသ

တကယ်လက်တွေ့ကျင့်ဘို့လွယ်ပါ့မလား

တကယ်လက်တွေ့ကျင့်ဘို့လွယ်ပါ့မလား

Possess it, don't let it possess you. (Zen)
သုံးရုံသုံး၊မစွဲနဲ့ ( ကျောက်သဘောင်္)

ဤဆိုင်တွင်''မြက်ခင်းသစ်မဂ္ဂဇင်း''မ ရောင်းပါ( ဥတ္တရလွင်ပြင်စာပေ)

ဤဆိုင်တွင်''မြက်ခင်းသစ်မဂ္ဂဇင်း''မ
ရောင်းပါ( ဥတ္တရလွင်ပြင်စာပေ)

မြန်မာနိုင်ငံရေးသမိုင်းတွင်'' ခွေးခေါင်း
ပြောင်းပြန်ကပ်လိုက်သည်''ဆိုသည့်စကါးမှာသမိုင်းဝင်စကါးဖြစ်သည်။ကိုလိုနီခောတ်တွင်သခင်လှမောင်ကသခင်သိန်းမောင်ကြီးညီသခင်ထွန်းရွှေထံစာရေးရာစာအိပ်ပေါ်၌ဂျော့ဘုရင်တံဆိပ်ခေါင်းကိုပြောင်း...
ပြန်ကပ်ပြီးတံဆိပ်ခေါင်းအောက်နားတွင်
ခွေးခေါင်းပြောင်းပြန်ကပ်လိုက်သည်ဟုရေးလိုက်ရာအကြည်ညိုပျက်စေမှု့ဖြင့်ထောင်သုံးလကျခဲ့သည်။နိုင်ငံရေးလောကတွင်ခွေးခေါင်းသခင်လှမောင်ဟုအမည်တွင်ခဲ့သည်။မတရားမှု့ဖိနှိပ်မှု့ကိုဖြစ်သည့်နည်းဖြင့်ကြုံသလိုဆန့်ကျင်မှု့ပင်ဖြစ်သည်
ယခုခောတ်တွင်လည်းသခင်လှမောင်ကဲ့သို့ပင်မတရားမှု့ဖိနှိပ်မှု့ကိုကြုံသလိုဖြစ်သည့်နည်းဖြင့်ဆန့်ကျင်ခဲ့သူများရှိခဲ့ပါသည်။
ထိုသူများထဲကတယောက်မှာ......
၁၉၉၀ပါတ်ဝန်းကျင်မြန်မာနိုင်ငံတွင်မြက်ခင်းသစ်အမည်ရှိမဂ္ဂဇင်းတစ်စောင်ထွက်ပေါ်ခဲ့ဘူးသည်။အမေရိကန်အစရှိသည့်အနောက်တိုင်းဒီမိုကရေစီနိုင်ငံများအား
အပုတ်ချသည့်စာ၊မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားသူများအားအပုတ်ချသည့်စာများပါဝင်သည့်အပုတ်မဂ္ဂဇင်းပင်ဖြစ်သည်။စစ်အာဏာရှင်အလိုကျထောက်လှမ်းရေးမှထုတ်ဝေသည်ဟုပြောကြသည်။တပြည်လုံးရှိဋ္ဌာနဆိုင်ရာများအားမဝယ်မနေရစံနစ်ဖြင့်ဖြန့်ချီခဲ့သည်။ပြည်သူအများစုကါးဝယ်ယူရန်ဝေးစွ၊ရွံရှာစိတ်ဖြင့်ကိုင်ပင်
မကြည့်ခဲ့သည့်မဂ္ဂဇင်းဖြစ်သည်။ဤတွင်ရွံရှာစိတ်အားအများသိအောင်ထုတ်ဖေါ်
ခဲ့သူတဦးပေါ်လာသည်။
မန္တလေးမြို့မှဥတ္တရလွင်ပြင်စာပေပင်ဖြစ်သည်။မိမိဆိုင်တွင်မြက်ခင်းသစ်မဂ္ဂဇင်း
မရောင်းရုံမဟုတ်၊လူအများသိအောင်
ဤဆိုင်တွင်မြက်ခင်းသစ်မဂ္ဂဇင်းမရောင်းပါ''ဟုဆိုင်းဘုတ်တင်လိုက်သည်။
အနာပေါ်တုတ်ကျသွားသူတို့ကဥတ္တ
လွင်ပြင်စာပေမှခွေးခေါင်းပြောင်းပြန်ကပ်
လိုက်သူအားခေါ်ယူလက်စင်ပေးကြ
သည်။
မတရားမှု့၊ဖိနှိပ်မှု့အားမခံခြင်စိတ်ယား
ကြိကြိပေါ်လာသူတို့ကါးခေါင်းငုံ့မခံ
တတ်နိုင်သည့်နည်းဖြင့်ဖေါ်ထုတ်ကြပေ
သည်။
Salute to ဥတ္တရလွင်ပြင်စာပေ


အမွှေးနံ့သာနှင့်အမွှေးတိုင်

အမွှေးနံ့သာနှင့်အမွှေးတိုင်

ဘုရားအမှုးပြုသည့်မြင့်မြတ်သောပုဂ္ဂိုလ်
များအားအမွှေးနံ့သာဖြင့်ပူဇော်သည့်ဓ
လေ့ရှေးအစဉ်အဆက်ကပင်ရှိခဲ့ပါသည်။
ယခုခောတ်တွင်လည်းအမွှးတိုင်ထွန်းညှိ
ပူဇော်ဆဲဖြစ်ဖြစ်ပါသည်။တခုရှိသည်မှာအများစုပူဇော်သောအမွှေးတိုင်များ၏
ယနံ့ကိုကိုယ်ကိုတိုင်အနီးကပ်ကြာကြာရှု
ရှိုက်ခံစားဘူးပါသလား။မွှေးကြိုင်သင်းပျံ့
၍စိတ်ကြည်လင်မှု့ခံစားရသည်ဆိုလျှင်
ဘာမှပြောစရာမရှိပါ။ထိုသို့မဟုတ်ဘဲ
ကိုယ်ကိုတိုင်အနံ့မခံနိုင်၍ဝေးရာရှောင်
ရှားရသည်ဆိုလျှင်မူပူဇော်ရာရောက်မ
ရောက်စဉ်းစားဘို့လိုလာပါပြီ
သဘာဝဝန်းကျင်ထိမ်းသိမ်းရေးကိစ္စကို
ပြောနေခြင်းမဟုတ်ပါ။ပူဇော်ရာရောက်မရောက်မျှသာစဉ်းစားဘို့ပြောခြင်းဖြစ်ပါ
သည်။

ရိုးသားကြိုးစားရုံနဲ့မလုံလောက်ဘူး။ပါးနပ်မှု့လည်းရှိဘို့

July Moe
လောကီနယ်မှာနေမယ်ဆိုရင်ရိုးသားကြိုးစားရုံနဲ့မလုံလောက်ဘူး။ပါးနပ်မှု့လည်းရှိဘို့လိုတယ်။ရိုးသားကြိုးစားနေသူတွေပါးနပ်သူရဲ့ကျွန်ဖြစ်နေတာအများကြီး။

Never too late to mend

July Moe
It is saying'' Never too late to mend ''.
It may be better'' Needless to mend''.

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း

ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း
ဒီဇင်ဘာ၏အေးမြမြ နှင့်မှိုင်းပျပျရာသီကပင်အလွမ်းဓါတ်ကိုနှိုးဆွတတ်လေသလားမသိ၊ဒီဇင်ဘာရောက်တိုင်းအလွမ်းဓါတ်ခံတို့နိုးကြွလာတတ်သည်။မြန်မာလူမျိုးသက်တမ်း၏သုံးပုံနှစ်
ပုံကျော်နေခဲ့ပြီးသည်မို့လွမ်းရသည့်ဒီဇင်ဘာတွေအရွယ်အလိုက်ရှိခဲ့ပါသည်။၁၉၅၈ပါတ်ဝန်းကျင်ခလေးဘဝဖခင်၊ညီငယ်နှင့်အတူတက္ကသိုလ်ရိပ်သာလမ်းမှဗိုလ်တထောင်ထိမနက်၎နာရီခန့်ကါးနှင့်လူသူကင်းရှင်းသည့်လမ်းတလျောက်လမ်း
လျောက်ခဲ့သည့်ဒီဇင်ဘာရက်တရက်ကို
ယနေ့တိုင်လွမ်းမိပါသေးသည်။ဆန့်ကျင်ဘက်ရွယ်တူများနှင့်မထိခလုပ်ထိခလုပ်
ဖြစ်ခဲ့သည့်ဒီဇင်ဘာလူထုလမ်းလျောက်ပွဲ
များသည်လည်းလွမ်းစရာပင်။
ဝန်ထမ်းဘဝတလတစ်ခေါက်ရောက်ခဲ့
ရသည့်ဝန်းသိုမြို့တွင်အေးမြသည့်မနက်ခင်းကြမ်းနှင့်တပြေးညီဖေါက်ထားသည့်မီးဖိုတွင်မီးလှုံရင်းခေါပုတ်ကင်စားရေနွေးကြမ်းသောက်ရသည်များ၊ညနေဘက်ဒေါင်းမြူးချောင်းတွင်ရေချိုးပြီးချမ်းစိမ့်စိမ့်အရသာကိုဖန်ခွက်ကိုင်ခံစားရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်
ကျိုက်ထီးရိုး၊ကျိုက်ထိုဟော်တယ်ရှေ့
ကေါ်ဖီဆိုင်တွင်မိသားစုနှင့်ကေါ်ဖီသောက်ရင်းတက်သစ်စနေဝန်းကိုကြိုဆိုရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်။
ယခုနှစ်ဒီဇင်ဘာတွင်တော့မကြာသေးမှီ
ကR.A.S.U ကျောင်းဝင်းအတွင်းတွေ့ခဲ့
ရသည့်ခွပ်ဒေါင်အလံနီနီများနှင့်ဆက်စပ်
ပြီးတခုသောဒီဇင်ဘာကိုအထူးပြုလွမ်းမိပါသည်၊ ဦးသန့်ဒီဇင်ဘာရက်များပင်.....
သမိုင်းကြောင်းကိုအားလုံးသိပြီးဖြစ်၍
နှစ်ထပ်မကြော့လိုတော့ပါ။မိမိလွမ်းမိတာ
လေးတွေကိုသာအရသာခံလွမ်းပါတော့
မည်။
ထိုစဉ်ကလိုင်သဘာဝသိပ္ပံတက္ကသိုလ်
တွင်ဘူမိဗေဒနောက်ဆုံးနှစ်တနှစ်တည်းသာမဟာဌာနအသစ်ဖွင့်လှစ်မည်ကိုအ
ကြောင်းပြု၍ပြောင်းရွှေ့သင်ကြားနေပြီး
ကျန်ကျောင်းသားအားလုံးမှာပထမနှစ်
ကျောင်းသားများဖြစ်ကြသည်။
ဒီဇင်ဘာလသမိုင်းဝင်နေ့တွင်ဘူမိဗေဒ
နောက်ဆုံးနှစ်ကျောင်းသားများနှင့်ဘာသာရပ်အားလုံးပထမနှစ်ကျောင်းသားများ
ပူးပေါင်း၍ပြည်လမ်းတလျောက်ချီတက်ခဲ့
ရာတံတားဖြူအင်းယားကန်ဘောင်ပေါ်
ရောက်စဉ်အေးမြသည့်ရာသီကြောင့်ကန်ရေမျက်နှာပြင်ရေငွေ့ပျံနေသည်ကိုတွေ့ရသည်။
Main ထဲရောက်၍နေရချအပြီးကြည့်လိုက်ရာ
တက္ကသိုလ်အလိုက်၊ဘာသာရပ်အလိုက်၊
အုပ်စုလိုက်ဖဲပြားရောင်စုံများရင်ဘတ်တွင်တပ်ဆင်ထားကြသည်။အချိန်ကျသည်
နှင့်စီတန်း၍ကျိုက္ကဆံကွင်းသို့ချီတက်ကြသည်။ယခုပန်းချီမျိုးမြင့်ဖြစ်နေပြီဖြစ်သော
ဘူမိဗေဒကျောင်းသားကိုမျိုးမြင့်ကဦးသန့်
ရုပ်ပုံလက်တန်းဆွဲပြီးကျောင်းသားတန်းနောက်ဆုံးမှရှေ့ဆုံးသို့ရုပ်ပုံကိုကိုင်မြှောက်၍ပြေးသွားသည်။ကျိုက္ကဆံကွင်းအ
တွင်းပင်နီဝတ်ကျောင်းသား(ဆလိုင်း
အောင်ကျော်မိုးဟုပြောကြသည်)နှင့်လမ်းစဉ်လူငယ်ကျောင်းသားတို့စကါးစစ်ထိုးပွဲ
ွဲအပြီးကျောင်းသားထုတညီတညွတ်တည်းဦးသန့်ရုပ်ကလပ်ကိုရာဇူးသို့သယ်ဆောင်ခဲ့သည်။အပြန်ခရီးတွင်ကျောင်းသူ
များအားအလယ်တွင်ထားပြီးကျောင်း
သားများကဘေးမှလက်တွဲဝန်းရံချီတက်ခဲ့ကြသည်။နှစ်မငယ်နှင့်အမများအား
အကိုတွေ၊မောင်တွေကစောင့်ရှောက်သည့်ခံစားမှုများခစားရသည်။
ဦးသန့်ရုပ်ကလပ် ကျောင်းဝင်းတွင်း
ရောက်ရှိပြီးနောက်ပိုင်းတွင်တော့ဦးသန့်
ဒီဇင်ဘာနေ့ရက်များစတင်တော့သည်။
နေ့နေ့ညညကျေင်းဝင်းအတွင်စည်ကါးနေသည်။ကျေင်းသားသက်သက်မဟုတ်တော့ပြည်သူအားလုံးပူးပေါင်းပါဝင်လာသည်။ကျောင်းသားအားလုံးတက်ကြွနေသည်။ပျော်ရွှင်နေသည်။သန်ရာသန်ရာပူးပေါင်းဆောင်ရွက်သည်။ဂူဗိမာန်ဆောက်
ရန်ပုံစံဆွဲသူကဆွဲသည်။ပြည်သူများကလည်းအလှုငွေထည့်ဝင်ကြသည်။အလုပ်သမားများကလည်းအလုပ်ဆင်းချိန်တွင်ရောက်လာကြသည်။တပြည်လုံးပူးပေါင်းဆောင်ရွက်နေကြသလိုပင်။
ဤနေရာတွင်ကျွန်တော်၏နော်ကူးမပါဝင်လာသည်။ကျောင်းဝင်းအတွင်းသူငယ်
ချင်းတစုနေ့နေ့ညညရှိနေကြသည်မို့
အဆက်မပြတ်ကြားနေရသောအသံလေးကိုသတိပြုမိလာသည်။အသံသာသာမို့
ကြားရသူတိုင်းနှစ်ချိုက်သဘောကျသည်
နောက်ဆုံးအားလုံးသဘောတူနံမည်ပေးလိုက်သည်က''နော်ကူးမ''ဟူ၍ပင်။
ပြန်ကြားရေးနှင့်အလှုခံနေရာမှကြေငြာစရာ့်ရှိသည်များကိုကြေငြာရာ၌နောက်ဆုံးစကါးလုံးကို'''နော်'''ဖြင့်အဆုံးသတ်တတ်
သဖြင့်ထိုခောတ်ကနံမည်ကြီးရုပ်ရှင်နှင့်ဇာတ်ကေါင်''နော်ကူးမ'''အမည်ဖြင့်ချစ်စ
နိုးခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အေးမြသည့်ဒီဇင်ဘာနေ့ညများနှင့်
နော်ကူးမကိုလွမ်းမိပါသည်။
သမိုင်းမှတ်တမ်းရေးခြင်းမဟုတ်ဘဲ
အလွမ်းမှတ်တမ်းရေးခြင်းမျှသာဖြစ်၍
အပြည့်အစုံဖြစ်မည်မဟုတ်ပါ။
နော်ကူးမနှင့်အတူသတိရသူများကတော့
သဘာဝသိပ္ပံမှမိန်းသို့အတူလာခဲ့သည့်
ကိုစံထွန်းနိုင်(ရခိုင်အမျိုးသား)၊ဆလိုင်းသန်းထွန်း(ချင်းအမျိုးသား)၊
အရှေ့မြောက်နယ်မြေသို့ရောက်ရှိသွားသောဒဿနိကနည်းပြဒေါ်မြမြစိုး၊ဒေါ်မြမြစိုးအားအရှေ့မြောက်ဒေသသို့ပို့ဆောင်ပေးခဲ့သည့်ကိုအောင်မျိုး(ကိုချစ်ဝင်း)
အားလုံးပြန်မဆုံကြတော့
်Photo Credit- Thant Myint-U

ကိုးကွယ်ရာဘာသာတရားအားလုံးရဲ့ ဘုံတူညီချက်တစ်ခု

ကိုးကွယ်ရာဘာသာတရားအားလုံးရဲ့
ဘုံတူညီချက်တစ်ခု

ကိုးကွယ်ရာဘာသာတရားအားလုံးတွင်တခုနှင့်တခု၊ပန်းတိုင်၊ကျင့်စဉ်၊သဘောတရားများကွဲလွဲကေါင်းကွဲလွဲကြမည်ဖြစ်
သော်လည်းဘုံတူညီချက်တခုတွင်ကါး
အားလုံးတပြေးညီတူညီကြသည်။
ငုင်းဘုံတူညီချက်ကါး......
#င#ငါဘဲမှန်တယ်။
ငါဘဲမှန်တယ်။

စုဆောင်းထိမ်းသိမ်းထားသင့်ပြီဖြစ်သောဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်လက်ရေးစာများ

စုဆောင်းထိမ်းသိမ်းထားသင့်ပြီဖြစ်သောဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်လက်ရေးစာများ

ကျွန်တော်၁၉၉၁ခုနှစ်လောက်ကမွန်ပြည်နယ်သို့ရောက်ရှိစဉ်ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးစာတစောင်မော်လမြိုင်မြို့
မွန်ယဉ်ကျေးမှု့ပြတိုက်တွင်ပြသထားသည်ကိုတွေ့ရှိဘူးပါသည်။မွန်ခေါင်းဆောင်များသို့နိုင်ငံရေး၊တိုင်းရေးပြည်ရေးအကြောင်းရေးထားသည့်စာဖြစ်ပြီးမှင်ရောင်အ
တော်လွင့်နေပြီဖြစ်သည်။နောက်၃နှစ်ခန့်
တွင်ပြတိုက်သို့တခေါက်ထပ်ရောက်ရာ
ငုင်းစာကိုပြသထားခြင်းမတွေ့တော့ပါ။
ပြန်လည်သိမ်းဆည်းထားခြင်းလား၊ပျောက်ပျက်သွားခြင်းလားမသိနိုင်။အလားတူဗိုလ်ချုပ်၏လက်ရေးစာများမြန်မာပြည်အနှံ့တွင်ရှိနိုင်ပါသည်။ဆရာဒဂုန်တာရာ၏ဆောင်းပါးတစောင်တွင်သံအမတ်ကြီးဟောင်းဦးအုန်းထံ၌ဗိုလ်ချုပ်အောင်ဆန်းနှင့်
သခင်သန်းထွန်းတို့၏လက်ရေးစာများရှိ
ကြောင်းဖတ်ရဘူးပါသည်။ဦးသိန်းဖေမြင့်၏စာတပုဒ်တွင်လည်းမြန်မာ့အလင်းဦးတင်ထံ၌ဗိုလ်ချုပ်၏လက်ရေးစာများရှိ
ကြောင်းဖတ်ရဘူးပါသည်။ယခုငုင်းစာများ၏အခြေအနေကိုမသိနိုင်တော့ပါ။ထိုကဲ့သို့ဗိုလ်ချုပ်၏လက်ရေးစာများကို
ဝယ်ယူခြင်း၊အလှုခံခြင်းတို့ဖြင့်စုဆောင်းသိမ်းဆည်းပြီးအရှည်တည်တန့်အောင်
ထိမ်းသိမ်းထားသင့်ပါသည်။သို့မဟုတ်
ပါကတစတစပျောက်ပျက်သွားမည်ဖြစ်သည်။်

အရှုံးပေးလူငယ်များသို့

အရှုံးပေးလူငယ်များသို့
ယခုတလောဂျာနယ်များတွင်စာမေးပွဲကျ၍သတ်သေသည့်ကျောင်းသားအပါအဝင်အရွယ်ကေါင်းကိုယ့်ကိုယ်ကိုအဆုံးစီရင်သည့်သတင်းများဖတ်ရသဖြင့်လူငယ်များသို့စကါးအနည်းငယ်ပြောလိုသည်။ဘဝတွင်အလှည့်အပြောင်းနှင့်မျှော်လင့်ချက်
အမြဲရှိသဖြင့်ယခုတဒင်္ဂစိတ်ဓါတ်ကျအဆင်မပြေမှု့ကိုဤနည်းဖြင့်ထွက်ပေါက်မရှာသင့်ပါ။မနက်ဖြန်ဘာဖြစ်မည်၊နောက်တနှစ်ဘာဖြစ်မည်မသိနိုင်ပါ။ကိုယ့်အတွက်အကေါင်းများစွာဖြစ်လာနိုင်ပါသည်။
ပုံပါကမ္ဘ္ဘာကျော်ရာဇဝတ်အကျဉ်းသားပင်
ဘဝမျှော်လင့်ချက်မလျှော့သေး၊လွတ်ငြိမ်းချမ်းသာခွင့်လျှောက်တုန်းဖြစ်သည်။
မြန်မာပြည်တွင်လည်းနှစ်မအရင်းနှင့်မှောက်မှား၊အမေနှင့်ညီကိုသတ်ခဲ့သည့်နိုင်ငံ
ကျော်ရာဇဝတ်သားထွန်းမြင့်ကြူပင်ဘဝကိုအရှုံးမပေး၊ကိုယ့်ကိုယ်ကိုသတ်သေမသွားပါ။ထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပြီး၁၉၉၀ရွေးကေါက်ပွဲတွင်ဝင်ရောက်အရွေးခံခဲ့ပါသေးသည်။
လူငယ်များသို့Admen Burk၏စကါးလေးလက်ဆောင်ပါးလိုပါသည်။
Never despair. But if you do,
work on in despair.